စစ်ဘက်ရဟတ်ယာဉ်တွေကို KNU ပစ်ချနေတာလို့ဆိုထားတဲ့ဗီဒီယိုမှား
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 11 မေ 2021 အချိန် 10h13
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ မတ်လ ၃၀ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၇၀,၀၀၀ ကျော် ရှိပါတယ်။
ဗီဒီယိုမှာ မြေပြင်ကပစ်ခတ်မှုတွေကြောင့် လေထဲမှာ ပေါက်ကွဲပျက်စီးသွားတဲ့ရဟတ်တွေကို မြင်ရပါတယ်။ ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားကတော့ “ပွဲကြမ်း ဘေးကင်းပါစေ knu” ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြသူတွေကိုထောက်ခံတဲ့ KNU နဲ့ တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အချိန်မှာ အခုလို ပို့စ်တွေ ပျံ့နှံ့လာတာလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပြီးကတည်းက မြန်မာနိုင်ငံမှာ ကစဉ့်ကလျားအခြေအနေတွေ ဖြစ်ပေါ်နေခဲ့တာပါ။ ဒီအကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
အလားတူပြောဆိုမှုတွေနဲ့အတူ အဲဒီဗီဒီယိုကို Facebook ပေါ်က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေခဲ့ကြပါတယ်။
ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။
အဓိကကျတဲ့စကားလုံးများစွာကို အသုံးပြုတဲ့အပြင် ဗီဒီယိုကနေအဓိကကျတဲ့ပုံရိပ်တွေကို ထုတ်နှုတ်ပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ခင် ကိုးလလောက်အလို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက်ကတည်းက YouTube ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ မူရင်း ဂိမ်းဗီဒီယိုကတော့ ပိုရှည်ပါတယ်။
မူရင်းဗီဒီယိုမှာ ဂျပန်ဘာသာစကားနဲ့ စာတန်းတစ်ခုပါဝင်ပြီး ဒီဗီဒီယိုကို “ARMA 3” လို့ခေါ်တဲ့ ဗီဒီယိုဂိမ်းတစ်ခုကနေ ရယူထားတာဖြစ်လို့ ဆိုထားပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေပါ ဗီဒီယို (ဘယ်) နဲ့ မူရင်း YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
မူရင်းဗီဒီယိုရဲ့အဆုံးနားမှာ ဂျပန်ဘာသာစကားနဲ့ စာတန်းထိုးထားပြီး “ဒီဗီဒီယိုဟာ စိတ်ကူးယဉ်ဖန်တီးမှုသာဖြစ်ပြီး ပါဝင်တဲ့ ဇာတ်ကောင်တွေ၊ နာမည်တွေနဲ့ အဖြစ်အပျက်တွေဟာ အပြင်မှာတကယ်ဖြစ်ခဲ့တာမဟုတ်ပါဘူး” လို့ ဆိုထားပါတယ်။
AFP အနေနဲ့ အရင်တုန်းကလည်း ARMA 3 ဗီဒီယိုဂိမ်းနဲ့ပတ်သက်ပြီး အလားတူ နားလည်မှုလွဲစေတဲ့ပို့စ်တွေအကြောင်း ဒီလင့်ခ်မှာ ဖွင့်ချရေးသားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပို့စ်တွေမှာတော့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတုန်းက အီရတ်မှာရှိတဲ့ အမေရိကန်အခြေစိုက်စခန်းတစ်ခုကို အီရန်ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာလို့ဆိုထားပါတယ်။
ARMA 3 ကို ဖန်တီးထားတဲ့ကုမ္ပဏီ Bohemia Interactive ကတော့ AFP ကို အခုလို ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ ARMA ဂိမ်းကို ဆော့ကစားသူတွေက လိုသလိုပြုပြင်လို့ရပြီး game editor နဲ့ကိုယ့်စိတ်ကြိုက်ဇာတ်လမ်းတွေ ဖန်တီးလို့ရတယ်ဆိုတာ သတိချပ်စေလိုပါတယ်”
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်