This handout photo from Kachin Waves taken on April 29, 2021 and released to AFP on April 30, 2021 shows people taking part in a candle light protest during a demonstration against the military coup in Hpakant township in Myanmar's northern Kachin state. (Photo by Handout / KACHIN WAVES / AFP) / -----EDITORS NOTE --- RESTRICTED TO EDITORIAL USE - MANDATORY CREDIT AFP PHOTO / KACHIN WAVES - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS (AFP / Handout)

ဆီးရီးယားမှာ လေယာဉ် ပျက်ကျတဲ့ ဗီဒီယိုဟောင်းကို မြန်မာပြည်မှာ ဖြစ်တာဆိုပြီး ရှယ်ထားတဲ့ ပို့စ်အမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ် မေလ ၃ရက်နေ့မှာ KIA အဖွဲ့က ပစ်ချလိုက်တဲ့ စစ်တပ်ရဟတ်ယာဉ်ဆိုတဲ့  အဆိုနဲ့အတူ ဗီဒီယိုဖိုင်တစ်ခုဟာ Facebook ပေါ်မှာ အကြိမ်ပေါင်းထောင်နဲ့ချီ ကြည့်ရှု့မှု ရနေပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလက ဆီးရီးယားမှာ သူပုန်တွေပစ်ချလို့ ပျက်ကျခဲ့တဲ့ ဆီးရီးယား စစ်တပ်ရဟတ်ယာဉ်အကြောင်း ဖော်ပြထားတဲ့ သတင်းဆောင်းပါးနဲ့အတူ အွန်လိုင်းပေါ်မှာ အရင်ကတည်းက ပျံနှံ့နေ့တာ တွေ့ရပါတယ်။

ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ် မေလ ၃ရက်က Facebook ဒီလင့်ခ် ပေါ်မှာတင်ခဲ့ပြီး ကြည့်ရှု့မှု အကြိမ်ပေါင်း ၉၀၀၀ ကျော်ရှိနေပါတယ်။

နားလည်မှု လွဲစေတဲ့ Facebook ပို့စ်ကို၂၀၂၁ ခုနှစ် မေလ ၇ရက်နေ့က ရယူထားတဲ့ Screenshot

အဲ့ဒီ ဗီဒီယိုနဲ့အတူ “၀ဋ်ဆိုတာ ဂလိုမျိုး လည်တတ်တယ် စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပစ်ချခဲ့တာပါ” ဆိုပြီး ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်းမှာ အခြေဆိုက်တဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်  KIAက စစ်တပ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပြောဆိုခဲ့တဲ့ နေ့မှာပဲ နားလည်မှုလွဲစေတဲ့ ဒီဗီဒီယိုကိုအွန်လိုင်းပေါ်မှာ ပျံနှံနေတာ တွေ့ရပါတယ်။ ကချင်ပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် အကြောင်းကို AFP က ဒီမှာဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ဖယ်ရှား၊ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရပါတယ်။

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲလှုပ်ရှားမှုတွေကို KIA အဖွဲ့မှ အားပေး ထောက်ခံ ခဲ့တဲ့အတွက် စစ်တပ်က မြန်မာပြည်မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေတိုးချဲ့ လုပ်ဆောင်ခဲ့ပါတယ်။

တူညီတဲ့ ပြောဆိုမှုနဲ့အတူ ဒီဗီဒီယိုကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ် အပြင် Youtube ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ် မှာမျှဝေထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။

အဓိကကျတဲ့စကားလုံးတွေနဲ့အတူ Google မှာရှာကြည့်တဲ့အခါမှာ ဒီဗီဒီယိုကို မြန်မာပြည်မှာ အာဏာသိမ်းမှုမဖြစ်ခင် လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကတည်းက သူပုန်တွေ ပစ်ချလိုက်လို့ ပျက်ကျသွားတဲ့ ဆီးရီးယားစစ်တပ် ရဟတ်ယာဉ်အကြောင်း ရေးသားထားတဲ့ သတင်းဆောင်ပါးနဲ့အတူ  အွန်လိုင်းပေါ်မှာ ပျံနှံ့နေတာကို တွေရပါတယ်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က The Telegraph ရဲ့ YouTube မှာ ဖော်ပြထားတဲ့ ဗီဒီယိုတစ်စိတ်တစ်ပိုင်းနဲ့လည်း တိုက်ဆိုင်မှုရှိတာတွေ့ရပါတယ်။

“သူပုန်များရဲ့ ပစ်ခတ်မှုကြောင့် ဆီးရီးယားစစ်တပ်လေယာဉ် Idlib ပြည်နယ်အရှေ့ပိုင်းရှိ Nayrab အနီး ပျက်ကျခဲ့တဲ့ ဗီဒီယိုကို အွန်လိုင်းမှာ ပျံနှံနေတာ တွေ့ရပါတယ်” ဆိုပြီးဖော်ပြထားပါတယ်။

The Telegraph ကဖော်ပြထားတဲ့ ဗီဒီယိုက ရယူထားတဲ့ Screenshot (ညာဘယ်) ကို နားလည်မှု လွဲစေတဲ့ Facebook ပို့စ်(ဘယ်)က ရယူထားတဲ့ Screenshot နဲ့ အောက်မှာ နှိုင်းယှဉ်တွေ့နိုင်ပါတယ်။

The Telegraph ကဖော်ပြထားတဲ့ ဗီဒီယိုက ရယူထားတဲ့ Screenshot (ညာဘယ်) ကို နားလည်မှု လွဲစေတဲ့ Facebook ပို့စ်(ဘယ်)က ရယူထားတဲ့ Screenshot နဲ့နှိုင်းယှဉ်တွေ့နိုင်

ဆီးရီးယားမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာနဲ့အတူ ဓာတ်ပုံတစ်ချို့ကိုလည်း Associated Press ကတစ်နေ့တည်းမှာပဲ ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ် မေလ၇ရက်က ကူးယူထားတဲ့ Associated Press သတင်းဓာတ်ပုံ Screenshot

ဒီဖြစ်ရပ်ကနေ ရယူထားတဲ့ Screeshot ဓာတ်ပုံတွေကိုလည်း ၂၀၂၁ခုနှစ် မတ်လမှာ မြန်မာပြည်က  လက်နက်ကိုင် အဖွဲ့တွေ ပစ်ချလိုက်တဲ့ စစ်တပ်လေယာဉ်ဆိုပြီး နားလည်မှုလွဲစေတဲ့ ပိုစ့်တွေနဲ့အတူ တွေခဲ့ရပါတယ်။ ဒီအကြောင်းအရာကို AFP က ဒီနေရာမှာ ဖော်ပြခဲ့ပါတယ်။

MYANMAR MILITARY COUP