ယူကရိန်းကို ရုရှား မတိုက်ခိုက်ခင် လပေါင်းများစွာကတည်းက အွန်လိုင်းပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုဖြစ်ပါတယ်။
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 မတ် 2022 အချိန် 02h51
- အပ်ဒိတ်ရက်စွဲ 03 မတ် 2022 အချိန် 03h47
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
၁၆ စက္ကန့်ရှည်လျားတဲ့ ဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၇၆,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။
ဗီဒီယိုနဲ့အတူ “ရုရှား VS ယူကရိန်း” ဆိုပြီး ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာ ညအချိန် လူနေအိမ်ပတ်ဝန်းကျင်တစ်ခုမှာ အဆက်မပြတ်ထွက်ပေါ်နေတဲ့ မီးတောက်တွေနဲ့ ပေါက်ကွဲမှုတွေကို မြင်တွေ့ရပါတယ်။
ရုရှားနိုင်ငံက တပ်တွေ ယူကရိန်းနိုင်ငံထဲ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့နောက် နာရီပိုင်းအကြာမှာ တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ ဒီဗီဒီယို ပျံ့နှံ့လာခဲ့တာပါ။
ကျူးကျော်ဝင်ရောက်မှုစတင်ပြီး သိပ်မကြာခင်မှာ ယူကရိန်းနိုင်ငံရဲ့ မြို့တော် ကိယက်ဗ်မြို့နဲ့ အခြားမြို့တော်တော်များများမှာ ပေါက်ကွဲမှုတွေဟာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီအကြောင်းကို AFP ရဲ့ ဒီသတင်း နဲ့ ဒီသတင်းတွေမှာ ဖတ်ရှုနိုင်ပါတယ်။
ဗီဒီယိုအောက်မှာ ရေးသားခဲ့ကြတဲ့ မှတ်ချက် (Comment) တွေအရ အဲဒီဗီဒီယိုဟာ အချို့ကြည့်ရှုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။
“မြင်ရတာ စိတ်မချမ်းမြေ့လိုက်တာ။ ဘာလို့ အဲဒီလောက် လောဘကြီးနေကြတာလဲ။ ယူကရိန်းပြည်သူတွေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေ” ဆိုပြီး Facebook အသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။
နောက်မှတ်ချက်တစ်ခုမှာတော့ “သမ္မတတွေအချင်းချင်း one by one ထိုးကြပါစေပေါ့။ ဘာလို့လူတွေကို ဒုက္ခပေးနေလဲ” ဆိုပြီး ရေးသားထားပါတယ်။
ဗီဒီယိုကို တူညီတဲ့ပြောဆိုမှုတွေနဲ့ အတူ Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ မျှဝေခဲ့ကြပြီး အကြိမ်ရေ ၁၆,၀၀၀ ကျော် ကြည့်ရှုထားကြပါတယ်။
ဒါပေမဲ့ အဲဒီဗီဒီယိုဟာ ယူကရိန်းနိုင်ငံထဲ ရုရှားတပ်တွေ မကျူးကျော်ခင်ကတည်းက ပျံ့နှံ့ခဲ့တဲ့ ကွန်ပျူတာရုပ်ပုံဖန်တီးချက်တစ်ခုသာ ဖြစ်ပါတယ်။
အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က YouTube ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။
ဗီဒီယိုမှာ #ww2 နဲ့ #the1940s ဆိုပြီး ဒုတိယကမ္ဘာစစ်ကို ရည်ညွှန်းတဲ့ hashtags တွေလည်း ပါဝင်ပါသေးတယ်။
Instagram အသုံးပြုသူ borisao_blois ဆိုသူက သူ့ကိုယ်သူ 3D animator (3D နည်းပညာရှင်) ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။
View this post on Instagram
အဲဒီဗီဒီယိုကို သူရဲ့ TikTok channel ဖြစ်တဲ့ ဒီလင့်ခ်မှာလည်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂ ရက်က တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဗီဒီယိုကိုပဲ သူ့ရဲ့ YouTube channel မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့က တခြားဗီဒီယိုတွေနဲ့ စုပေါင်းပြီး တင်ထားတာ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
ပို့စ်နှစ်ခုလုံးမှာ တပ်ထားတဲ့ ရည်ညွှန်းစာကတော့ ဒီဗီဒီယိုဟာ ကွန်ပျူတာ ဖန်တီးပြုလုပ်ချက်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားရဲ့ကျူးကျော်မှုကြောင့် နားလည်မှုလွဲစေနိုင်တဲ့ အကြောင်းအရာတွေ အွန်လိုင်းပေါ်မှာ မြင့်တက်လာခဲ့ပါတယ်။ အွန်လိုင်းပေါ်က ပြောဆိုမှုအမှားတွေနဲ့ ပတ်သက်ပြီး AFP ရဲ့ သတင်းအချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ တစုတစည်းတည်း ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်