နာဆာကရိုက်ကူးခဲ့တဲ့ဓာတ်ပုံမှာ လယ်ထွန်စက်ပုံထည့်ပြီး ပြုပြင်ထားတဲ့ ပုံဖြစ်ပါတယ်

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ရုရှားပိုင်ဒုံးပျံတစ်ခုကို ယူကရိန်းလယ်သမားတစ်ဦးက ခိုးယူနေတဲ့ဓာတ်ပုံလို့ ဆိုထားတဲ့ ပုံတစ်ပုံကို Facebook ပေါ်က ပို့စ်တော်တော်များများမှာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီပုံက ပြုပြင်ဖန်တီးထားတဲ့ပုံဖြစ်ပါတယ်။ ဒီပုံရဲ့ မူရင်းပုံကို ၂၀၁၈ ခုနှစ်မှာ NASA (အမေရိကန်၊ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန) က ရိုက်ကူးခဲ့တာ ဖြစ်ပြီး ဒုံးပျံကို သယ်ဆောင်လာတာဟာ လယ်ထွန်စက်မဟုတ်ဘဲ ရထားနဲ့ သယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို Follower ၃၈,၀၀၀ ကျော်တဲ့ Facebook စာမျက်နှာတစ်ခုရဲ့ ဒီလင့်ခ်မှာ “ယူကရိန်း လယ်သမားတစ်ဦး ရုရှားဆိုယုဇ်ဒုံးပျံကို ခိုးယူပြီး ထရပ်ကားဖြင့် သယ်ထုတ်” ဆိုတဲ့စာသားနဲ့အတူ မတ်လ ၁၃ ရက်နေ့က တင်ခဲ့တာပါ။

ကြီးမားတဲ့ ဒုံးပျံတစ်ခုကို လယ်ထွန်စက်နဲ့ ဆွဲယူနေတာကို ပုံထဲမှာ မြင်တွေ့ရပြီး “CNA Photo: More Nessa via Twitter” ဆိုပြီး ရည်ညွှန်းထားပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်က ရိုက်ယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

အဲဒီပုံကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေနဲ့ Twitter ပေါ်က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပါတယ်။ ဒါပေမဲ့ ယူကရိန်းရဲ့ခုခံမှုနဲ့ ထောက်ပံ့ပို့ဆောင်ရေးအခက်အခဲတွေက အလျင်အမြန်အနိုင်ရရေးကြိုးပမ်းမှုကို နှောင့်နှေးစေခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသားတွေဟာ သူတို့တပ်ဖွဲ့ဝင်တွေရဲ့ အောင်မြင်မှုတွေပါဝင်တဲ့ ဗီဒီယိုတွေကို အွန်လိုင်းပေါ် တင်ခဲ့ကြပြီး တချို့ဗီဒီယိုတွေဟာ လူသိများခဲ့ပါတယ်။ အဲဒီထဲမှာ ရုရှားတင့်ကားတစ်စီးကို လယ်ထွန်စက်နဲ့ ဆွဲယူခဲ့တဲ့ ယူကရိန်းလယ်သမားတစ်ဦးရဲ့ ဗီဒီယိုလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဒုံးပျံကို လယ်ထွန်စက်နဲ့ ဆွဲယူနေတဲ့ ပုံကတော့ ဖန်တီးပြုပြင်ထားတဲ့ပုံသာ ဖြစ်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာတော့ ဒီဓာတ်ပုံဟာ ဓာတ်ပုံအေဂျင်စီတစ်ခုဖြစ်တဲ့ Alamy ရဲ့ ဝဘ်ဆိုဒ်မှာ NASA ကို ရည်ညွှန်းပြီး တင်ခဲ့တာ တွေ့ရပါတယ်။ ပုံထဲမှာ ဒုံးပျံကို တွေ့ရပေမယ့် လယ်ထွန်စက်တော့ မပါဝင်ပါဘူး။

ဓာတ်ပုံရဲ့ ပုံစာအရ အဲဒီပုံဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က Kazakhstan နိုင်ငံ Baikonur မှာ ရှိတဲ့ ဒုံးပျံလွှတ်စင်ဆီ ယူဆောင်ခဲ့တဲ့ Soyuz MS-10 အာကာသယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုယုဇ်ဒုံးပျံတွေကို အာကာသယာဉ်မှူးတွေကို နိုင်ငံတကာ အာကာသစခန်းဆီ ပို့ဆောင်ဖို့၊ ဂြိုလ်တုတွေကို ဂြိုလ်ပတ်လမ်းထဲ ပို့ဆောင်ဖို့ သုံးပါတယ်။ ဒါပေမဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့အပေါ် ရုရှားနိုင်ငံကို ဥရောပနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံခဲ့ရပြီး ဂြိုလ်တုလွှတ်တင်မှုတွေကိုလည်း ရုရှားက ရပ်ဆိုင်းခဲ့ပါတယ်

အဓိကကျတဲ့စကားလုံးတွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံကို NASA ရဲ့ Flickr စာမျက်နှာရဲ့ ဒီလင့်ခ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်က တင်ခဲ့တာ တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်က ရိုက်ယူခဲ့တဲ့ NASA ရဲ့ Flickr မှာ တင်ထားတဲ့ပုံ

ဓာတ်ပုံရဲ့ဖော်ပြချက်မှာ “၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်၊ အင်္ဂါနေ့မှာ ဆိုယုဇ်ဒုံးပျံကို ပစ်လွှတ်စခန်းဆီ ရထားနဲ့ သယ်ဆောင်ခဲ့ပါတယ်။ NASA ရဲ့ Expedition 57 ယာဉ်မှူး Nick Hague နဲ့ Roscosmos က ယာဉ်မှူး Alexey Ovchinin တို့ လိုက်ပါမယ့်ဒီဒုံးပျံကို အောက်တိုဘာ ၁၁ ရက်မှာ လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ ၎င်းတို့ဟာ နိုင်ငံတကာအာကာသစခန်းမှာ နောက်ထပ် ၆ လကြာ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - NASA/Bill Ingalls” ဆိုပြီး ပါဝင်ပါတယ်။

အဲဒီအာကာသယာဉ်ကို Expedition 57 ရဲ့ အစိတ်အပိုင်းအဖြစ် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှာ လွှတ်တင်ခဲ့ပေမယ့် “တွန်းလွှတ်စက် ပြဿနာ”ကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ NASA ရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ပြထားတာ တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ NASA ရဲ့ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot

Flickr ပေါ်မှာ NASA က တင်ခဲ့တဲ့ မြင်ကွင်းကျယ်နဲ့ရိုက်ကူးထားတဲ့ နောက်ထပ်ပုံတစ်ပုံမှာလည်း ရထားတစ်စီးပေါ်တင်ထားတဲ့ ဒုံးပျံကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်က ရိုက်ယူခဲ့တဲ့ NASA ဓာတ်ပုံရဲ့ screenshot

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာ AFP က ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံမှာလည်း တူညီတဲ့ ဒုံးပျံကို အခြားရှုထောင့်တစ်ခုကနေ တွေ့ရပြီး ဒုံးပျံကို ရထားနဲ့ သယ်ဆောင်နေတာ တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်မှာ AFP က ရိုက်ကူးခဲ့တဲ့ A Soyuz MS-10 ရဲ့ ဓာတ်ပုံ ( AFP / Kirill KUDRYAVTSEV)

ရုရှားရဲ့ ယူကရိန်းကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှားတွေ တိုးမြင့် ပျံ့နှံ့နေပါတယ်။ AFP က ဒီအချက်အလက်မှားတွေကို ဒီလင့်ခ်မှာ စိစစ်ဖော်ပြထားပါတယ်။

22 March 2022 This article was amended to change the date of the Soyuz rocket launch to October 11, 2018. A previous version of this story said it was launched on March 11, 2018.
Ukraine conflict