ဓာတ်ပုံမှာမြင်ရတာ ဘင်္ဂလားဒေ့ရှ်က စတန့်ပြကွက်ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်ပါ

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

PDF တွေ စစ်ရေးစွမ်းရည်ပြနေတာလို့ဆိုထားတဲ့စာသားနဲ့ဓာတ်ပုံတစ်ပုံကို Facebook မှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။ ဓာတ်ပုံကို အနီးကပ်လေ့လာပြီး ဆန်းစစ်ကြည့်တဲ့အခါ ထိပ်ဆုံးကလူတစ်ဦးရဲ့လက်ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံကိုင်ထားတာ တွေ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်ဘက်အရာရှိဟောင်းတစ်ဦးကတော့ ဒီဓာတ်ပုံမှာမြင်ရတဲ့ယူနီဖောင်းတွေဟာ ဘင်္ဂလားဒေ့ရှ်ဗိုလ်လောင်းကျောင်းသားတွေ ဝတ်တဲ့ဝတ်စုံလို့ AFP ကို ပြောပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ “PDF စွှမ်းဆောင်ရည် ပြကွက်ထဲက ၁ခု” (မူရင်းအတိုင်း) ဆိုတဲ့ စာသားနဲ့အတူ မျှဝေထားတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့က ရယူထားတဲ့ screenshot

စစ်တပ်အာဏာသိမ်းပြီး အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဖြုတ်ချခံလိုက်ရတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ဝဲကတော့ဆီ ဦးတည်လျက်ရှိပါတယ်။

ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းပြီးနောက်ပိုင်း ဆန္ဒပြလူငယ်များစွာဟာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်းတက်ရောက်ကြပြီး အာဏာသိမ်းဆန့်ကျင်ရေးတိုက်ခိုက်ရေးသမားတွေ သို့မဟုတ် PDF အဖွဲ့ဝင်တွေဖြစ်လာကြပါတယ်။

အလားတူပြောဆိုမှုတွေနဲ့ တူညီတဲ့ဓာတ်ပုံကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။

ဝဘ်ဆိုဒ်များစွာမှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တူညီတဲ့ဓာတ်ပုံကို ဘင်္ဂလားဒေ့ရှ်လူမှုမီဒီယာအမျိုးမျိုးမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ နမူနာအားဖြင့် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။

ဓာတ်ပုံရဲ့ထိပ်နားမှာ မြင်ရတဲ့အလံဟာ ဘင်္ဂလားဒေ့ရှ်အလံနဲ့ တူညီနေတာတွေ့ရပါတယ်။

အလားတူဘင်္ဂလားဒေ့ရှ်အလံပါဝင်တဲ့ဓာတ်ပုံကို AFP ရဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါအလံ (ဘယ်) နဲ့ AFP ဓာတ်ပုံပါအလံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါအလံ (ဘယ်) နဲ့ AFP ဓာတ်ပုံပါအလံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ပရိသတ်တွေကြားထဲ အမျိုးသားသုံးဦးဝတ်ထားတဲ့ အပြာရောင်ဝတ်စုံဟာ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဝတ်ဆင်တဲ့ယူနီဖောင်းနဲ့ဆင်တူတယ်လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်အရာရှိဟောင်းတစ်ဦးက AFP ကို ပြောပါတယ်။

အောက်မှာ အပြာရောင်ဝတ်စုံဝတ် အမျိုးသားသုံးဦး (ဘယ်) နဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ Facebook account က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

အပြာရောင်ဝတ်စုံဝတ် အမျိုးသားသုံးဦး (ဘယ်) နဲ့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ Facebook account က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အဲဒါအပြင် အနီရောင်နဲ့ဝိုင်းပြထားတဲ့အမျိုးသားတစ်ဦး ဝတ်ဆင်ထားတဲ့ဝတ်စုံဟာလည်း ဘင်္ဂလားဒေ့ရှ်ဗိုလ်လောင်းလေ့ကျင့်ရေးကျောင်းတွေမှာ ဝတ်ဆင်လေ့ရှိတဲ့ယူနီဖောင်းနဲ့ဆင်တူတယ်လို့လည်း အဆိုပါပုဂ္ဂိုလ်က ထပ်လောင်းအတည်ပြုပါတယ်။

အောက်မှာ ယူနီဖောင်းနဲ့ဆင်တူတဲ့ဝတ်စုံဝတ်အမျိုးသားတစ်ဦး (ဘယ်) နဲ့ ဘင်္ဂလားဒေ့ရှ် ဗိုလ်လောင်းလေ့ကျင့်ရေးကျောင်းတစ်ကျောင်းက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ယူနီဖောင်းနဲ့ဆင်တူတဲ့ဝတ်စုံဝတ်အမျိုးသားတစ်ဦး (ဘယ်) နဲ့ ဘင်္ဂလားဒေ့ရှ် ဗိုလ်လောင်းလေ့ကျင့်ရေးကျောင်းတစ်ကျောင်းက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အဲဒါအပြင် ပရိသတ်ထဲမှာ အမျိုးသမီးတချို့က ဟီဂျက်ဗ်လို့ခေါ်တဲ့ ခေါင်းမြီးပုဝါတွေခြုံထားတာကို ကြည့်ခြင်းအားဖြင့် မွတ်စလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာ သိသာပါတယ်လို့ အဆိုပါအမည်မဖော်လိုတဲ့ပုဂ္ဂိုလ်က ဆိုပါတယ်။

MYANMAR MILITARY COUP