Bangladesh Rapid Action Battalion (RAB) personnel patrol on the street at Jamtoli refugee camp near Cox's Bazar on October 7, 2020. Bangladesh has sent more troops into the world's largest refugee camp, police said on October 7, after days of fighting between rival Rohingya drug gangs left seven people dead. ( AFP / Munir Uz zaman)

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့တွေက ဒုက္ခသည်စခန်းမှာ AA တပ်ဖွဲ့ဝင်တွေကိုရှာဖွေနေတယ်ဆိုပြီး ဓာတ်ပုံဟောင်းမှားယွင်း ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာနိုင်ငံကနေပစ်ခတ်လိုက်တဲ့ ဒုံးကျည်ကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာလူငယ်တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တဲ့နောက် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ AA တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရတပ်ဖွဲ့တွေက ပိုက်စိပ်တိုက်ရှာဖွေနေတယ်ဆိုတဲ့အဆိုနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ရာနဲ့ချီမျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလထဲမှာ ဒီလိုလှုပ်ရှားမှုတွေမရှိဘူးလို့ ရဲအရာရှိတစ်ဦးနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက AFP ကို သီးခြားအတည်ပြု ပြောဆိုခဲ့ပါတယ်။ ဒီပို့စ်မှာ ပါတဲ့ ဓာတ်ပုံကို AFP သတင်းထောက်တစ်ဦးက ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ ရိုဟင်ဂျာ မူးယစ်ဆေးဝါးဂိုဏ်း နှစ်ခုကြားပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တွေလုံခြုံရေးတပ်ဖြန့်နေတဲ့ ပုံသာဖြစ်ပါတယ်။

“AA အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာကို တန်ပြန်သည့်အနေဖြင့် ဒုက္ခသည်စခန်းအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများကို ဘင်္ဂလားဒေ့ရှ်အစိုးရတပ်များ ပိုက်စိတ်တိုက်ရှာဖွေလျက်ရှိ။” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ မျှဝေထားတဲ့ ဒီပို့စ်မှာ ဆိုထားပါတယ်။

ရခိုင်တပ်မတော် (AA) ဟာ ရခိုင်ပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် မြန်မာ့စစ်တပ်နဲ့ နှစ်ပေါင်းအတော်ကြာ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့က Coz’s Bazar မှာ မြန်မာနိုင်ငံက ဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦးသေဆုံးခဲ့မှုဟာ မြန်မာ့စစ်တပ်ရဲ့ လုပ်ရပ်ဖြစ်တယ်လို့ AA က စွပ်စွဲပြောဆိုထားပါတယ်။

၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည် အများအပြားဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ခရိုင်က ဒါဇင်နဲ့ချီတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။

ဒါ့အပြင် ဒီပို့စ်ရဲ့စာသားမှာ “ဟာဇီနာလည်း လက်သည်တရားခံကို သိသွားပြီ..AA တင်မကဘူး ARSA အဖွဲ့ပါ ရှာရမှာ။” (မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။

လက်နက်တွေကိုင်ဆောင်ထားပြီး ကင်းလှည့်လည်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒီဓာတ်ပုံမှာတွေ့နိုင်ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒါဟာမှားယွင်းပါတယ်။

“မြန်မာပြည်နဲ့နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် အထူးလှုပ်ရှားဆောင်ရွက်မှုတွေ မရှိပါဘူး” လို့ Cox’s Bazar ခရိုင်ရဲချုပ်ဖြစ်တဲ့ Mohammad Mahfuzul Islam က AFP ကို စက်တင်ဘာလ ၂၈ ရက်နေ့မှာပြောခဲ့ပါတယ်။

“AA တပ်ဖွဲ့ဝင်တွေ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတယ်ဆိုတဲ့ အချက်အလက်တွေ ရရှိထားတာလည်းမရှိပါဘူး” လို့ သူကဖြည့်စွက်ပြောကြားခဲ့ပါတယ်။

“အခုတလော Cox’s Bazar က စခန်းတွေမှာ အစိုးရတပ်ဖွဲ့တွေက အဖွဲ့အစည်းတစ်ခုခု ဦးတည်ချက်ထားပြီးပြုလုပ်တဲ့ အထူးလုပ်ဆောင်မှုတွေ ကျွန်တော်တို့ မတွေ့ရပါဘူး” လို့ လူ့အခွင့်အရေးတက်ကြွလုပ်ရှားသူ၊ ရိုဟင်ဂျာအရေးသုသေသီ Rezaur Rahman Lenin ကလည်း AFP ကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။

မှားယွင်းဖော်ပြထားတဲ့ ဓာတ်ပုံ

ဒီဓာတ်ပုံကို AFP ဓာတ်ပုံသတင်းထောက် Munir Uz Zaman က ရိုက်ကူးခဲ့တာဖြစ်ပြီး လူအသေအပျောက်ရှိခဲ့တဲ့ ရိုဟင်ဂျာမူးယစ်ဆေးဝါးဂိုဏ်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့နောက် ဘင်္ဂလားဒေ့ရှ် Rapid Action Battalion (RAB) အထူးတပ်ဖွဲ့ဝင်တွေက Cox’s Bazar မှာရှိတဲ့ Jamtoli ဒုက္ခသည်စခန်းမှာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က လုံခြုံရေးကင်းလှည့်နေတာဖြစ်ပါတယ်။

ဒီဓာတ်ပုံကို AFP archives မှာ ဖော်ပြထားပါတယ်။

AFP ဝဘ်ဆိုက်မှာတွေ့ရတဲ့ မူရင်းဓာတ်ပုံ
MYANMAR MILITARY COUP