အဇာဘိုင်ဂျန်က ခွဲထွက်ရေးခေါင်းဆောင်တွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို အစ္စရေးဗိုလ်ချုပ်တွေကို ဟာမက်စ်ဖမ်းတဲ့ဗီဒီယိုဆိုပြီး မှားယွင်းဖော်ပြ

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 02 နိုဝင်ဘာ 2023 အချိန် 09h34
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
အောက်တိုဘာ ၇ ရက်က အစ္စရေးဘက်အခြမ်း အရံအတား ထူထပ်စွာ ချထားတဲ့ နယ်စပ်ဒေသကို ဟာမက်စ်သေနတ်သမားတွေ ချိုးဖောက်ဝင်ရောက်ပြီး အရပ်သားအများစုအပါအဝင် လူပေါင်း ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့အပြင် လူပေါင်း ၂၀၃ ဦးထက်မနည်း ဓားစာခံအနေနဲ့ဖမ်းဆီးထားတယ်လို့ အစ္စရေးအစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာ မြင်ရတာတော့ ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ “အစ္စရေးစစ်ဗိုလ်ချုပ်တွေ” မဟုတ်ပါဘူး။ ဂါဇာဒေသမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ မှားယွင်းစွာ ချိတ်ဆက်ဖော်ပြထားတဲ့ Facebook ဗီဒီယိုမှာ မြင်ရတာကတော့ အဇာဘိုင်ဂျန်နိုင်ငံတော်လုံခြုံရေးအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ Nagorno-Karabakh ဒေသ ခွဲထွက်ရေးခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ ဂါဇာမှာ ဟာမက်စ်တွေ ဖမ်းဆီးပြန်ပေးဆွဲထားတဲ့ စစ်ဗိုလ်ချုပ် တစ်ဦးမှ မရှိဘူးလို့ အစ္စရေးစစ်တပ်က AFP ကို အောက်တိုဘာ ၁၇ ရက်မှာ ပြောပါတယ်။

“#စစ်ရေးအပြောင်းအလဲ_Breaking_News_Israel- #IDF ထိပ်တန်းဗိုလ်ချုပ်အများအပြားကို #ဟားမတ် အဖွဲ့က #ဂါဇာ #အစ္စရေးအပစ်အခတ် တိုက်ခိုက်မှုနှင့် အတူ ဖမ်းဆီးခဲ့သည်။
(8.10.2023) ဘ မောင်” (မူရင်းအတိုင်း) ဆိုပြီး ကြည့်ရှုသူ ၇၆၀၀ ကျော်ရှိတဲ့ Facebookပို့စ်မှာ ဆိုထားပါတယ်။

ဗီဒီယိုထဲမှာ DTX စာသားပါ ယူနီဖောင်းတွေဝတ်ထားကြတဲ့ မျက်နှာဖုံးစွပ်သေနတ်သမားတွေက လက်ထိပ်ခတ်ခံထားရတဲ့ လူသုံးဦးကို ကားထဲက ထုတ်နေတာ တွေ့ရပါတယ်။

Image
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က ရိုက်ယူထားတဲ့ မှားယွင်းတဲ့ပို့စ်ရဲ့ Screenshot

အောက်တိုဘာ ၇ ရက်က အရံအတား ထူထပ်စွာ ချထားတဲ့ အစ္စရေးတောင်ပိုင်းကို ဟာမက်စ်သေနတ်သမားတွေ ချိုးဖျက်ဝင်ရောက်ပြီး အရပ်သားအများစုအပါအဝင် လူပေါင်း ၁၄၀၀ ကျော်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ဒီဗီဒီယိုဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ လက်တုံ့ပြန်တဲ့အနေနဲ အစ္စရေးကလည်း ဂါဇာဒေသကို လေကြောင်းတိုက်ခိုက်မှု၊ အမြောက်တွေနဲ့ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဂါဇာက ကျန်းမာရေးဝန်ကြီးဌာနကတော့ ပါလက်စတိုင်းဒေသမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃,၇၈၅ ဦးရှိပြီး အများစုက အရပ်သားတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလစ်အငိုက်တိုက်ခိုက်မှုအတွင်း အစ္စရေးအဆိုအရ ပြန်ပေးဆွဲထားသူ ၂၀၃ ဦးကို “ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေး” ဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ဟာမက်စ်အဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

အဲဒါအပြင် အစ္စရေးကိုလည်း ၎င်းတို့ဝိုင်းရံပိတ်ဆို့ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေကနေ နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပဋိပက္ခတွေ ဖြစ်ပေါ်လာတာကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီပေးမှုတွေကို ချက်ချင်း အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ ၎င်းက တိုက်တွန်းထားပါတယ်။

ဒီဗီဒီယိုကို အလားတူ ပြောဆိုမှုတွေနဲ့အတူ Facebook ပေါ်မှာ မြန်မာဘာသာစကာ်္လီဘာသာစကားစပိန်ဘာသာစကာတို့နဲ့လည်း အသီးသီး ပျံ့နှံ့နေတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီဗီယိုထဲကလူတွေဟာ အစ္စရေးစစ်ဗိုလ်ချုပ်တွေမဟုတ်ပါဘူး။ သူတို့တွေဟာ အဇာဘိုင်ဂျန်နိုင်ငံ၊ Nagorno-Karabakh ဒေသက ခွဲထွက်ရေးခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။

ခွဲထွက်ရေးခေါင်းဆောင်များ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပိုမိုရှည်လျားတဲ့ဗီဒီယိုကို အဇာဘိုင်ဂျန်နိုင်ငံတော်လုံခြုံရေးအဖွဲ့ရဲ့ တရားဝင် YouTube ချန်နယ်မှာ အောက်တိုဘာ ၅ ရက်က တင်ထားတာ တွေ့ရပါတယ် (Archived here)။

အဇာဘိုင်ဂျန်ဘာသာစကားနဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့ကို အတိုကောက် DTX လို့ လူသိများပြီး အဲဒီစာလုံးတွေကို မျက်နှာဖုံးစွပ်သေနတ်သမားတွေရဲ့ ယူနီဖောင်းတွေမှာ တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုနဲ့ ထပ်တူတူညီတဲ့ အပိုင်းကို အဲဒီ YouTube ဗီဒိယိုရဲ့ ၂ မိနစ်၊ ၂၇ စက္ကန့်မှာ တွေ့ရပါတယ်။

အဇာဘိုင်ဂျန်နိုင်ငံတော်လုံခြုံရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာ ဒီလူသုံးဦးကို ဖမ်းမိတဲ့အကြောင်း ထုတ်ပြန်ကြေညာချက်နဲ့အတူ အဲဒီဗီဒီယိုကို ပူးတွဲဖော်ပြထားတာ တွေ့ရပါတယ် (Archived here)။

ဒီလူသုံးဦးဟာ တရားမဝင်လက်နက်ကိုင်အဖွဲ့ ဖွဲ့စည်းခြင်း၊ လက်နက်နဲ့ ခဲယမ်းထောက်ပံ့ခြင်း စတဲ့အမှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူတို့ထဲက နှစ်ဦးဟာ ခွဲထွက်ရေးဒေသက သမ္မတဟောင်းနှစ်ဦးဖြစ်တဲ့ Arkadi Arshaviri Ghukasyan နဲ့ Bako Sahaki Sahakyan တို့ ဖြစ်ကြပြီး တတိယမြောက်တစ်ဦးကတော့ ခွဲထွက်ရေးဒေသလွှတ်တော်ရဲ့ ဥက္ကဋ္ဌ Davit Rubeni Ishkhanyan ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလအတွင်း ၂၄ နာရီျှပ်တပြက်စစ်ဆင်ရေးနဲ့အတူ တိုင်းရင်းသားအာမေးနီးယန်းတွေရဲ့ ဆယ်စုနှစ်သုံးစုကြာ ခွဲထွက်အုပ်ချုပ်ရေးအဆုံးသတ်ပြီး Nagorno-Karabakh ဒေသကို အဇာဘိုင်ဂျန်အစိုးရ ထိန်းချုပ်လိုက်ပြီးနောက်မှာ အခုလို ဖမ်းဆီးမှု ထွက်ပေါ်လာတာဖြစ်ပါတယ် (archived link)

အောက်မှာ မှားယွင်းဖော်ပြထားတဲ့ Facebook ပို့စ် (ဘယ်) နဲ့ အဇာဘိုင်ဂျန်နိုင်ငံတော်လုံခြုံရေးအဖွဲ့ရဲ့ YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားတဲ့ screenshot သုံးခုဖြစ်ပါတယ်။

Image
Image
Image
မှားယွင်းဖော်ပြထားတဲ့ Facebook ပို့စ် (ဘယ်) နဲ့ အဇာဘိုင်ဂျန်နိုင်ငံတော်လုံခြုံရေးအဖွဲ့ရဲ့ YouTube ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားတဲ့ screenshot

ဖမ်းဆီးခံရတဲ့ ဒီအမျိုးသား သုံးဦးထဲက နှစ်ဦးရဲ့ဓာတ်ပုံကို AFP ကလည်း ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့ပြီး ပုံထဲမှာ တူညီတဲ့အဝတ်အစားတွေနဲ့အတူ တွေ့မြင်ရပါတယ်။

မှားယွင်းပျံ့နှံ့နေတဲ့ ပို့စ်တွေထဲက ဗီဒီယိုရဲ့ ၂၅ စက္ကန့်မှာ အဇာဘိုင်ဂျန်ရဲ့ အလံကိုလည်း DTX အရာရှိတစ်ဦးရဲ့လက်မောင်းမှာ တွေ့မြင်ရပြီး အောက်ကပုံထဲမှာ အနီရောင်နဲ့ ပြထားပါတယ်။

Image
ဗီဒီယိုရဲ့ ၂၅ စက္ကန့်မှာ တွေ့ရတဲ့ အဇာဘိုင်ဂျန်အလံ

ဂါဇာမှာ ဟာမက်စ်အဖွဲ့ ဖမ်းဆီးပြန်ပေးဆွဲခံရတဲ့ စစ်ဗိုလ်ချုပ် တစ်ဦးမှာ မရှိဘူးလို့ အစ္စရေးစစ်တပ်က AFP ကို အောက်တိုဘာ ၁၇ မှာ ပြောပါတယ်။

AFP အနေနဲ့ အစ္စရေး-ဟာမက်စ်ပဋိပက္ခနဲ့ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ တခြားသောအချက်အလက်မှားတွေကို စိစစ်ပြီး ဒီလင့်ခ်မှာ စုစည်းဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ