US Vice President Kamala Harris arrives for an event honoring National Collegiate Athletic Association (NCAA) championship teams from the 2023-2024 season on the South Lawn of the White House on July 22, 2024 ( AFP / Brendan SMIALOWSKI)

ဘိုင်ဒန် မဲဆွယ်စည်းရုံးရေးရုတ်သိမ်းပြီးနောက် ကာမလာဟဲရစ်ရဲ့ ရွေးကောက်ပွဲဝင်ရောက်ခွင့်ကို မေးခွန်းထုတ်တဲ့ မှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့

  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 ဇူလိုင် 2024 အချိန် 09h45
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • Rob Lever, AFP USA, AFP ထိုင်း
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၄ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုကို ရုတ်သိမ်းဖို့ဆုံးဖြတ်ခဲ့ပြီး လက်ရှိဒုတိယသမ္မတ ကာမလာဟဲရစ်ကို ထောက်ခံတဲ့နောက် ဟဲရစ်ရဲ့ရွေးကောက်ပွဲမှာပါဝင်ခွင့်နဲ့ သူ့ရဲ့လူမျိုးဖြစ်စဥ်ကို မေးခွန်းထုတ်တဲ့ မှားယွင်းပြောဆိုမှုတွေ ပျံ့နှံ့ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ဂျမေကာနဲ့ အိန္ဒိယနိုင်ငံသား ရွေ့ပြောင်းလာသူမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ဟဲရစ်ဟာ အမေရိကန်အခြေခံဥပဒေရ သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံခွင့်ရှိပါတယ်။ 

သမ္မတဘိုင်ဒန်က သမ္မတအဖြစ်ထပ်မံရွေးကောက်ခံမယ့် မဲဆွဲစည်းရုံးမှုကို အဆုံးသတ်ခဲ့ပြီး ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ကာမလာဟဲရစ် ကိုရွေးချယ်ဖို့ အဆိုတင်သွင်းခဲတဲ့နောက် နာရီပိုင်းအကြာမှာ ဟဲရစ်ရဲ့သမ္မတလောင်းဖြစ်ခွင့်ကို မေးခွန်းထုတ်တဲ့ပို့စ်တွေ Twitter လို့လူသိများတဲ့ XFacebookInstagramThreads နဲ့ TikTok တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

"Kamala Harris ကတော့ ခြေဥနဲ့ စပြီး အကိုင်ခံရပြီ၊ သူ့မိဘ (၂) ပါးက အမေရိကန်နိုင်ငံသားမဟုတ်ဘူးတဲ့၊ ဒါကြောင့် အိမ်ဖြူတော်မှာ သမ္မတလုပ်ခွင့်မရှိဘူးလို့ဆိုတယ်၊ ( US ခြေဥသမားတွေငြင်းကြခုံကြရမဲ့ကိစ္စပါ )” (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှာ မျှဝေထားတဲ့ မြန်မာ Facebook ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။  

"သူ့ရဲ့ဖခင်ဟာ ဂျမေကာနိုင်ငံသား၊ သူ့မိခင်က အိန္ဒိယနိုင်ငံသားဖြစ်ကြပြီး ၁၉၆၄ ခုနှစ် ဟဲရစ် မွေးဖွားချိန်မှာ သူတို့နှစ်ယောက်လုံးဟာ အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားခြင်းမရှိတဲ့အတွက် ရွေးကောက်ပွဲဝင်ခွင့်မရှိဘူး" လို့ တချို့သောပို့စ်တွေက ငြင်းဆိုထားပါတယ်။

ဒီမှားယွင်းပြောဆိုမှုကို John Eastman ဆိုတဲ့ ရှေ့နေတစ်ဦးက စတင်ခဲ့ပါတယ်။ သူဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲဖို့လုပ်ကြံတဲ့ဖြစ်စဥ်မှာပါဝင်မှုကြောင့် တရားစွဲဆိုမှုခံနေရတဲ့သူလည်းဖြစ်ပါတယ်။  

၂၀၂၀ ခုနှစ်မှာ ဘိုင်ဒန်က ဟဲရစ်ကို သူရဲ့ ဒုသမ္မတအဖြစ် ရွေးကောက်ပွဲမှာပါဝင်ယှဥ်ပြိုင်ဖို့ ရွေးချယ်ခဲ့စဥ်ကလည်း တူညီတဲ့မှားယွင်းပြောဆိုမှုတွေပျံ့နှံ့ခဲ့ပြီး AFP နဲ့ အခြားအချက်အလက်စိစစ်ရေးသတင်းဌာနတွေက ဒီပြောဆိုမှုကို အချက်အလက်စိစစ်ခဲ့ကြပါတယ်။

Image
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်ရဲ့ Screenshot

အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၊ အပိုင်း ၁ အရ "ဇာတိဖွားနိုင်ငံသား သို့မဟုတ် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံသား" မှလွဲပြီး မည်သူမှ သမ္မတရာထူးအတွက် ရွေးကောက်ပွဲဝင်ရောက်ခွင့်မရှိကြောင်း ဖော်ပြထားပါတယ်။ (Archived link

ဒီသမ္မတလောင်းတွေဟာ အနည်းဆုံး အသက် ၃၅ နှစ် ရှိရမယ့်အပြင် နိုင်ငံတွင်း ၁၄ နှစ် နေထိုင်ဖူးသူဖြစ်ရမယ်လို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

ဟဲရစ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် Oakland မြို့မှာ မွေးဖွားခဲ့တဲ့အတွက် ရွေးကောက်ပွဲဝင်ရောက်ခွင့်ရှိပါတယ်။ (Archived here

"သမ္မတရာထူးအတွက် အရည်အချင်း မပြည့်မီသော မည်သူမဆို အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတရာထူးအတွက်လည်း အရည်အချင်းပြည့်မီခြင်းမရှိ" ဆိုပြီး အခြေခံဥပဒေရဲ့ ၁၂ ကြိမ်မြောက် ပြင်ဆင်ချက်မှာ ဖော်ပြထားတယ်လို့ Georgetown တက္ကသိုလ်ရဲ့ ဥပဒေနှင့် စီးပွားရေး ပါမောက္ခ David Super က ၂၀၂၀ ခုနှစ်မှာ ပြောပါတယ်။ (Archived here

တချို့ပို့စ်တွေမှာ ဟားရစ်ဟာ သူ့မိဘတွေရဲ့ "ကျောက်ဆူးကလေး" ဖြစ်တယ်လို့ပြောဆိုထားကြပါတယ်။ ဒီခေါ်ဝေါ်မှုဟာ ရွေ့ပြောင်းနေထိုင်သူ မိဘတွေက အမေရိကန်နိုင်ငံမှာနေထိုင်ခွင့်ရရှိဖို့ ကလေးမွေးဖွားလေ့ရှိတယ်ဆိုတဲ့ အခြေအမြစ်မရှိ ပြောဆိုမှုတွေက ထွက်ပေါ်လာတဲ့ နှိမ်ချပြောဆိုမှုတစ်ခုဖြစ်ပါတယ်။  

ဒါဟာ သူမရဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခွင့် အရည်အချင်းပြည့်မီမှုအပေါ် အကျိုးသက်ရောက်မှုမရှိဘူးလို့ Georgetown တက္ကသိုလ် ဥပဒေစင်တာရဲ့နိုင်ငံနှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ဥပဒေကောလိပ်ဖြစ်တဲ့ O'Neill Institute က တွဲဖက်ပါမောက္ခဖြစ်သူ Sonia Canzater က ဆိုပါတယ်။ (Archived here)   

လူမျိုးရေးဆိုင်ရာ ပြောဆိုချက်များ  

ဟဲရစ်ဟာ "အမေရိကန်နိုင်ငံဖွား အိန္ဒိယလူမျိုး" ဖြစ်ပေမယ့် "ကယောင်ကတမ်း ဒီမိုကရက်တစ် DEI ခွဲတမ်း ရရှိဖို့အတွက်" လူမည်းအဖြစ်ဟန်ဆောင်နေတယ်ဆိုတဲ့ပြောဆိုမှုတွေလည်း ဘိုင်ဒန်မဲဆွယ်စည်းရုံးမှုရုတ်သိမ်းပြီးနောက် ထပ်မံပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ ဒီမိုကရက်တွေရဲ့ "မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်ထည့်သွင်းမှု" မူဝါဒကို အတိုက်အခံတွေက ဆန့်ကျင်ရှုတ်ချမှုကဆင်းသက်လာတာဖြစ်ပါတယ်။   

Image
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှာ ရယူထားတဲ့ X ပို့စ်ရဲ့ Screenshot

သတင်းမီဒီယာတွေက သူ့ရဲ့လူမျိုးအမွေအနှစ်အရေးပါမှုကိုမူတည်ပြီး ဟဲရစ်ကို လူမည်း ဒါမှမဟုတ် အာရှနွယ်ဝင် အမေရိကန်နိုင်ငံသားအဖြစ် ဖော်ပြကြပါတယ်။ သူ့ရဲ့ လူမျိုးဖြစ်တည်မှုကို "ပြောင်းလဲ" ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုကို အချက်အလက်စိစစ်ရေးအဖွဲ့တွေက စိစစ်ခဲ့ပါတယ်။  

"The Truths We Hold" ခေါင်းစဥ်နဲ့ ၂၀၁၉ ခုနှစ်ကထုတ်ဝေတဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာ ဟဲရစ်က စီးပွားရေးပညာရှင် ဂျမေကာလူမျိုးဖခင်အပြင် အိန္ဒိယနိုင်ငံက ကင်ဆာသုသေသီ မိခင်တို့နဲ့ ကြီးပြင်းခဲ့ရတဲ့ သူ့ရဲ့ငယ်ဘဝအကြောင်းကို ဖော်ပြထားပါတယ်။ (Archived here)   

သူ့ရဲ့ဖခင်ဖြစ်သူ ဒေါ်နယ်ဟဲရစ်ဟာ Standford တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးဖြစ်ပြီး၊ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ (Archived here)  

Image
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ မှာ AFP သို့ ကာမလာဟဲရစ်မှ ပေးပို့ခဲ့သည့် ၁၉၆၅ ခုနှစ် ဓာတ်ပုံတွင် ကယ်လီဖိုးနီးယားပြည်နယ်၊ Berkeley တွင် သူ၏ဖခင် ဒေါ်နယ်ဟဲရစ်က ကာမလာဟဲရစ်ကို ပွေ့ချီထားသည်ကိုတွေ့ရသည်။ (Courtesy of Kamala Harris / Handout)

ဒုသမ္မတဟဲရစ်ဟာ ၂၀၀၉ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ ဆုံးပါးခဲ့တဲ့ သူ့မိခင် Shyamala Gopalan Harris အကြောင်း အကြိမ်ကြိမ်မျှဝေခဲ့ပါတယ်။ (archived here)

 ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ