ဘေရွတ်လေဆိပ်ဗုံးပေါက်ကွဲမှုကဆိုပြီး AI နည်းပညာနဲ့ ဖန်တီးထားတဲ့ဓာတ်ပုံ မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 အောက်တိုဘာ 2024 အချိန် 09h04
- ဖတ်ရန် ကြာချိန် 5 မိနစ်
- Daniel Patrick GALGANO, AFP USA
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"နေတန်ယာဟုအိမ်ကို ဟဇ်ဘိုလာတွေက ဒရုန်းတွေနဲ့တိုက်ခိုက်တယ်၊ (၂) စီးပစ်ချခံရပြီး (၁) စီးကအိမ်ကိုထိတယ်၊ညက ဘေရွန်နိုင်ငံတကာလေဆိပ်ဖက်ကိုအစ္စရေးက ဗုံးမိုးရွာချပြီးတုန့်ပြန်လိုက်တယ်၊ မနေ့ကတော့ အစ္စရေးကက်ဘိနက်ထိုင်ကြတယ်၊ ဘာတွေဆုံးဖြတ်ချက်ချခဲ့သလဲဆိုတာတော့မသိသေး။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ဆိုထားပါတယ်။
ဒီမှားယွင်းပြောဆိုမှုဟာ X လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အစ္စရေး-ဟာမက်စ်နဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို ယခင်ကမျှဝေဖူးသူ Sulaiman Ahmed က ဦးစွာမျှဝေခဲ့ပါတယ်။
ဒီပို့စ်ရဲ့ ကြိုက်နှစ်သက်မှုအကြိမ်ရေ ၂၀,၀၀၀ ကျော်ရှိပြီး နောက်ထပ်မှားယွင်းပို့စ်တစ်ခုကလည်း "မြို့ဆင်ခြေဖုံး ဗုံးကျဲခံနေရစဥ် Middle East Airlines ရဲ့ ခရီးသည်တင်လေယာဥ်တစ်စင်း ဘေရွတ်နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်ဆိုက်ရောက်" ဆိုတဲ့ စာသားနဲ့ ဆင်တူဓာတ်ပုံတစ်ပုံကို မျှဝေခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ Middle East Airlines ရဲ့ လေယာဥ်တစ်စင်း Beirut-Rafic Hariri နိုင်ငံတကာလေဆိပ်ကို ဆင်းသက်နေစဥ် နောက်ကွယ်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားနေတာကိုပြတဲ့ ဓာတ်ပုံနှစ်ပုံကိုလည်း ဒီပို့စ်တွေမှာ တွေ့ရပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံတွေကို X၊ Facebook၊ Instagram၊ Thread၊ TikTok၊ Tumblr၊ YouTube နဲ့ Gettr စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဒတ်ချ်၊ ပေါ်တူဂီ၊ အာရဗြီ၊ ပါးရှန်းအပြင် အခြားဘာသာစကားမျိုးစုံနဲ့ မျှဝေနေကြပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ၂၀၁၆ ခုနှစ် သဘောတူညီချက်ဟာ လက်ဘနွန်နိုင်ငံမှာ အရပ်သားအများစုဖြစ်တဲ့ လူပေါင်း ၁,၂၀၀ သေဆုံးခဲ့ပြီး အစ္စရေးနိုင်ငံမှာ စစ်သားအများစု အပါအဝင် လူ ၁၆၀ သေဆုံးစေခဲ့တဲ့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား စစ်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ (Archived here and here)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် က ဟာမက်စ်အဖွဲ့ရဲ့ အစ္စရေးကို ရုတ်တရက်တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နောက် ပါလက်စတိုင်းမဟာမိတ်အဖွဲ့ကို ထောက်ခံအားပေးတဲ့အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးကို ပြင်းထန်မှုနည်းတဲ့ နယ်စပ်ဖြတ်ကျော် ဒုံးကျည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း ပြန်လည်တုန့်ပြန်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး နေ့စဥ်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နှစ်ဘက်စလုံးက ထောင်နဲ့ချီတဲ့ပြည်သူတွေ ဘေးကင်းရာထွက်ပြေးခဲ့ရပါတယ်။
ဂါဇာစစ်ပွဲတစ်နှစ်နီးပါးခန့်ကြာလာတဲ့နောက်မှာတော့ အစ္စရေးဟာ နေရပ်စွန့်ခွာခဲ့ကြရသူတွေ နေအိမ်ပြန်နိုင်ရန် ၎င်းရဲ့ မြောက်ပိုင်းနယ်စပ်လှုံခြုံမှုအတွက် ဟစ်ဇ်ဘိုလာအဖွဲ့ကို ခြေမှုန်းသွားမယ်လို့ကြုံးဝါးခဲ့ပြီး လက်ဘနွန်နိုင်ငံကို ဦးတည်တိုက်ခိုက်မှုတွေပြုလုပ်လာခဲ့ပါတယ်။ (Archived here)
ဟစ်ဇ်ဘိုလာအဖွဲ့အတွက် ဘဏ္ဍာရေးကွန်ရက်ဖြစ်တယ်လို့ အမေရိကန်အစိုးရကပြောဆိုထားတဲ့ Al-Qard al-Hassan ဘဏ်ရဲ့ ဌာနခွဲတွေကို အစ္စရေးက ဒီဘေရွတ်တိုက်ခိုက်မှုရဲ့ အဓိကပစ်မှတ်အနေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ (Archived here)
အစ္စရေးရဲ့ ဘေရွတ်မြို့ပစ်ခတ်မှုတွေကြား ရက်သတ္တပတ်အတော်ကြာတဲ့အထိ ဘေရွတ်နိုင်ငံတကာလေဆိပ်ဟာ ပစ်မှတ်တစ်ခုဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေရှိခဲ့ပေမဲ့ လေဆိပ်ကိုပစ်မှတ်ထားပစ်ခတ်မှုမလုပ်ဘူးဆိုတဲ့ အစ္စရေးရဲ့ အာမခံချက်ရရှိထားတယ်လို့ လက်ဘနွန်သယ်ယူပို့ဆောင်ရေးဝန်ကြီးက AFP ကို အစောပိုင်းက ပြောခဲ့ပါတယ်။ (Archived here and here)
အောက်တိုဘာလ ၂၁ ရက်က အစ္စရေးရဲ့ ပစ်ခတ်မှုတစ်ခုဟာ လေဆိပ်ရဲ့အဓိကပြေးလမ်းနဲ့ အလွန်နီးကပ်တဲ့ နေရာတစ်ခုကို ထိမှန်ခဲ့တဲ့အတွက် Middle East Airlines ရဲ့ လေယာဥ်တွေဟာ အခြားပြေးလမ်းပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။ (Archived here)
ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်ပုံတွေဟာ ပြေးလမ်းပြောင်းခဲ့ရတဲ့ လေယာဥ်တွေရဲ့ ဓာတ်ပုံမဟုတ်ပါဘူး။
Middle East Airlines ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဓာတ်ပုံတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားပုံရပြီး လက်တွေ့အခြေအနေနဲ့ "လုံးဝကွဲပြားတယ်လို့" အောက်တိုဘာလ ၂၁ ရက်မှာ Email က တဆင့် AFP ကို ပြောပါတယ်။
အဓိကကျတဲ့စကားလုံးတွေနဲ့ အချက်အလက်ရှာဖွေကြည့်တဲ့အခါ ဒီဓာတ်ပုံတွေကို ဦးစွာမျှဝေခဲ့တဲ့ Instagram အကောင့်အချို့ကိုတွေ့ရှိခဲ့ပါတယ်။ ဒီဓာတ်ပုံတွေကို AI နည်းပညာနဲ့ ဖန်တီးထားတယ်လို့ ဒီအကောင့်တွေမှာဆိုထားပြီး south.to.north ဆိုတဲ့ အကောင့်ကို ရည်ညွှန်းဖော်ပြထားပါတယ်။ (Archived here and here)
မူလအကောင့်မှာ ဒီဓာတ်ပုံနှစ်ပုံကို မတွေ့ရတော့ပေမဲ့ ဒီဓာတ်ပုံနှစ်ပုံ ပျံ့နှံ့လာတဲ့အချိန်အတောအတွင်းမှာပဲ မျှဝေထားတဲ့ ဆင်တူဓာတ်ပုံတွေကို ဒီအကောင့်မှာ တွေ့ရပါတယ်။ (Archived here)
သိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာမှုအရ ခိုင်လုံတဲ့ အဖြေမတွေ့ရပေမဲ့ ဒီဓာတ်ပုံကို AI နည်းပညာနဲ့ ဖန်တီးထားကြောင်း ထောက်ပြနေတဲ့ "ပုံမမှန်မှုတွေ" အများအပြားတွေ့ရတယ်လို့ Drexel တက္ကသိုလ်၊ လျှပ်စစ်နှင့်ကွန်ပျူတာအင်ဂျင်နီယာဆိုင်ရာ တွဲဖက်ပါမောက္ခဖြစ်သူ Matthew Stamm က ဆိုပါတယ်။ (Archived here)
Buffalo တက္ကသိုလ်ရဲ့ မီဒီယာမှုခင်းဆိုင်ရာဓာတ်ခွဲခန်း ဒါရိုက်တာဖြစ်သူ Siwei Lyu ကလည်း ဒီလေယာဥ်ရဲ့ ကိုယ်ထည်စ္စည်းတွေဟာ "စစ်မှန်မှုမရှိ"ကြောင်း ထောက်ပြခဲ့ပါတယ်။ (Archived here)
ဒီစစ်မှန်မှုမရှိတဲ့သဲလွန်စတွေဟာ လေယာဥ်တစ်စင်းရဲ့အမြီးပိုင်းကို ထိုးဖြတ်နေတဲ့ မီးတိုင်၊ ပုံမှန်မဟုတ်တဲ့ ဆင်းသက်ဂီယာနဲ့ ထောင့်ချိုးမကျတဲ့ လေယာဥ်အတောင်ပံတစ်ခုရဲ့ တို့ဖြစ်ပါတယ်။
လေယာဥ်ရဲ့ အမြီးပိုင်းမှာရေးဆွဲထားတဲ့ လက်ဘနွန်အလံဟာလည်း Middle East Airlines ရဲ့ လေယာဥ်တွေမှာတွေ့ရတဲ့ အာရဇ်သစ်ပင်နဲ့ ကွဲပြားနေတာကို တွေ့ရပါတယ်။
ဒေသတွင်းပဋိပက္ခတွေကြောင့် လေကြောင်းလိုင်းအများစုဟာ ဘေရွတ်လေဆိပ်ကိုပျံသန်းသွားလာမှုတွေ ရပ်ဆိုင်းထားပေမဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားဖို့ လက်ဘနွန်အာဏာပိုင်တွေရဲ့ ပိုမိုတင်းကြပ်တဲ့ လှုံခြုံရေးတွေနဲ့ Middle East Airlines က ဆက်လက်ပျံသန်းနေပါတယ်။ (Archived here, here and here)
အောက်တိုဘာ ၂၀ ရက်က ပေါက်ကွဲမှုမှာ မီးတောက်တွေရဲ့အရှေ့ ပြေးလမ်းပေါ် လေယာဥ်တွေ သွားလာလုပ်ရှားမှု မရှိတာကို ဒီ AFP ဗီဒီယိုမှာ တွေ့ရပါတယ်။ (Archived here)
အစ္စရေး-ပါလက်စတိုင်းနဲ့ သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်