ဗုံးပေါက်ကွဲမှု အကြောင်းရေးသားထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံအဟောင်းကိုဖော်ပြ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 07 ဇူလိုင် 2021 အချိန် 05h09
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တစ်နေ့ထပ်တစ်နေ့ ပိုမိုတိုးပွားနေပါတယ်။ ဒီလိုဖြစ်စဉ်တွေနဲ့ အတူ ဓာတ်ပုံတစ်ပုံကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှု အကြောင်းရေးသားထားတဲ့ ပို့စ်တွေမှာ ၂၀၂၁ ခုနှစ် ၊ ဇွန်လ ၂၈ ရက်က ပြန်လည်မျှဝေနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ အထင်အမြင်လွဲစေပါတယ်။ ဒီဓာတ်ပုံဟာ လွန်ခဲ့တဲ့လက ရန်ကုန်မြို့က အခြားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုက ဓာတ်ပုံဖြစ်ပါတယ်။

ဒီဓာတ်ပုံကို Facebook ဒီလင့်ခ် မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှာ မျှဝေထားပြီး အကြိမ်ပေါင်း ၁၀၀၀ ကျော်ပြန်လည်မျှဝေမှု ရှိနေပါတယ်။

ဒီဓာတ်ပုံနဲ့အတူ “ရန်ကုန်မြို့ အင်းစိန်တွင်ယနေ့ဗုံး ၇ ကြိမ်ပေါက်ကွဲမှုဖြစ်သွားတယ်လို့ သိရ” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီးစာသားကို ပူးတွဲတွေ့ရပါတယ်။

Image
ဇွန်လ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်က ရယူထားတဲ့ အထင်အမြင်လွဲစေတဲ့ပို့စ် Screenshot

ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ကို တော်လှန်တုန့်ပြန်မှုတွေ ပြင်းထန်လာတာနဲ့အတူ မြန်မာနိုင်ငံတစ်ဝှမ်း ပေါက်ကွဲမှုတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ကို ဖယ်ရှားပြီး နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ရပ်တန့်စေခဲ့ပြီးနောက်မှာ နေ့စဉ် မငြိမ်မသက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီအာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်း ကြီးမားတဲ့လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါခဲ့ပြီး စစ်တပ်က အဆမတန် အင်အားသုံးဖြိုခွင်းမှုနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီပို့စ်က အထင်အမြင်လွဲစေပါတယ်။

AFP ရဲ့ စုံစမ်းမှုအရ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၈ ရက်က အင်းစိန်မြို့နယ်ထဲမှာ ဗုံးပေါက်ကွဲကြောင်း တရားဝင်ဖော်ပြမှုမရှိတာကို တွေ့ရပါတယ်။

ဒီပို့စ်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံက လွန်ခဲ့တဲ့လတွင်းက အခြားမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုက ဓာတ်ပုံဖြစ်ပါတယ်။

ဒီဓာတ်ပုံကို Irrawaddy သတင်းက ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှု သတင်းနဲ့ Twitter ဒီလင့်ခ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

“ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ်ရှိ ကုန်စျေးတန်းလမ်းမှာ နံနက် ၁၁ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါမီးတောက်ဟာ တိုင်းရင်းဆေးဝါရောင်းချတဲ့ ဆေးခန်းကနေ စတင်ခဲ့တယ်လို အနီးအနားက နေထိုင်သူတွေကပြောပါတယ်။ မီးသတ်တပ်ဖွဲ့က အဆိုပါမီးတောက်ကို မွန်းလွဲ ၁ နာရီခန့်မှာ ငြိမ်းသတ်နိုင်ခဲ့ပါတယ်။” ဆိုတဲ့စာသားကိုလည်း အတူတကွတွေရပါတယ်။

အထင်အမြင်လွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ Irrawaddy ကဖော်ပြထားတဲ့ပို့စ်က ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
အထင်အမြင်လွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ Irrawaddy ကဖော်ပြထားတဲ့ပို့စ်က ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ပေါက်ကွဲမှု ၂၉၃ ကြိမ်ရှိနေတယ်လို့
The Armed Conflict Location and Event Data Project (ACLED) ကပြောပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ