Gen-Z တွေ စစ်သင်တန်းဆင်းတာလို့ဆိုထားတဲ့ နားလည်မှုလွဲမှားစေတဲ့ဗီဒီယို
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 မေ 2021 အချိန် 15h54
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
၂၀၂၁ခုနှစ်၊ မေလ ၉ရက်မှာ ဒီဗီဒီယိုကို Facebook ပေါ်မှာတင်ခဲ့ပြီး အကြိမ်ပေါင်း ၁၀၁၀၀၀ ခန့် ကြည့်ရှု့မှု ရှိနေပါတယ်။
ဒီစာသားကိုလည်း ဗီဒီယိုနဲ့အတူတွေ့ရပါတယ်။ “GZ လေးတွေ ပထမအသုတ် စစ်သင်တန်းဆင်းပွဲ။ GZ လေးတွေက ပြုံးပျော်လို့ စလိုက်နောက်လိုက်ပေါ့။ နောင့်ဆေးတို့ ကရင်မလေးတွေ ပြန်စလိုက်တော့ ပျော်ပါလေရော။ KIA/KNU ဘက်ကတာဝန်ကျေပါတယ်နော်။ နောင့်ဆေးတို့ မိန်းခလေးတွေလည်း တော၊တောင်တွေထဲက ပန်းတွေခူးပြီး ပန်းလက်ဆောင် ပေးခဲ့ပါတယ်။”
“KNU”ဟာ ကရင်အမျိုးသားအစည်းအရုံးကို ဆိုလိုပြီး “KIA”ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီပို့စ်ထဲက “ကရင်မလေးများနဲ့စလိုက်နှောက်လိုက်”ဆိုတဲ့စာသားက ဒီဗီဒီယိုကို ကရင်ပြည်နယ်တစ်နေရာမှာ ရိုက်ကူးခဲ့တာလို့ ပြောချင်တဲ့ပုံစံရှိပါတယ်။
“GZ”ကတော့ “Generation Z” ကိုဆိုလိုတာဖြစ်ပြီး မကြာသေးခင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနဲ့ ပူးပေါင်းလိုက်တဲ့ မြန်မာလူငယ်များကို ခေါ်ဝေါ်ထားတဲ့ အသုံးအနှုံးဖြစ်ပါတယ်။ ဒီအကြောင်းကို Reuters က ဒီမှာဖော်ပြထားပါတယ်။
စစ်တပ်လက်အောက်ခံမဟုတ်သလို အာဏာသိမ်းယူချင်းခံလိုက်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ လက်အောက်ခံလည်းမဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ အခုအချိန်မှာ စစ်ကောင်စီကို ခြိမ်းခြောက်လျက်ရှိပါတယ်။ဒီအကြောင်းကို AFP က ဒီမှာဖော်ပြထားပါတယ်။
ဒီဗီဒီယိုကို တူညီတဲ့ အဆိုနဲ့အတူ Facebook ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ တင်ထားတာကိုတွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေးနှံ့စပ်သူများက ဒီအဆိုဟာ အထင်မှားစေနိုင်တဲ့ အဆိုလို့ပြောပါတယ်။
မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေးဗစ်မက်သီဆန်က ဒီဗီဒီယိုဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က စစ်သားများကို ပြတဲ့ ဗီဒီယိုဖြစ်ကြောင်း AFPကိုပြောပါတယ်။
“သူတို့အားလုံး KNLA ဝတ်စုံကိုဝတ်ဆင်ထားပြီး M-16 ကိုင်ဆောင်ထားပါတယ်။ ဒီအခမ်းအနား လုပ်ဆောင်မှုပုံစံတွေကလည်း KNLA ရဲ့ လုပ်ဆောင်မှုတွေနဲ့ ကိုက်ညီနေပါတယ်။”
၂၀၁၅ခုနှစ်က ကရင်ပြည်နယ်အရှေ့ပိုင်းမှာ KNLA စစ်သားများကို AFPက ဒီဓာတ်ပုံမှာ ရိုက်ကူးခဲ့ပါတယ်။
“၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ၃၁ရက်နေ့ ကရင်ပြည်နယ် အရှေ့ပိုင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ၇တွင် ကျင်းပခဲ့တဲ့ ကရင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခန်းအနားမှ ရိုက်ကူးထားသည့် စစ်ရေးပြစစ်သားများ ဓာတ်ပုံ” ဆိုတဲ့ စာသားတစ်စိတ်တစ်ပိုင်းကိုလည်း ဓာတ်ပုံနဲ့အတူတွေ့ရပါတယ်။
အဲ့ဒီဓာတ်ပုံထဲက စစ်သားဝတ်စုံများဟာ ဒီဗီဒီယိုမှာဝတ်ဆင်ထားတဲ့ ဝတ်စုံများနဲ့ ကိုက်ညီမှုရှိနေပါတယ်။
အထင်အမြင်လွဲစေတဲ့ ပိုစ့်ရဲ့ ဗီဒီယိုက ကူးယူထားတဲ့ Screenshot (ဘယ်)နဲ့ AFP ဓာတ်ပုံ (ညာ)ကိုအောက်မှာ နှိုင်းယှဉ်တွေ့နှိင်ပါတယ်။
AFP ဓာတ်ပုံထဲမှာတွေ့ရတဲ့ ဝတ်စုံလက်မောင်းပေါ်က အဖွဲ့အစည်းတံဆိပ်မှတ်အသားဟာ ဗီဒီယိုထဲက အမှတ်အသားနဲ့ တူညီနေတာကိုတွေ့ရပါတယ်။
အထင်အမြင်လွဲစေတဲ့ ပိုစ့်ရဲ့ ဗီဒီယိုက ကူးယူထားတဲ့ Screenshot (ဘယ်)နဲ့ AFP ဓာတ်ပုံ (ညာ)ကိုအောက်မှာ နှိုင်းယှဉ်တွေ့နှိင်ပါတယ်။
မြန်မာနိုင်ငံရေး နှံ့စပ်သူ ရစ်ချပ်ဟောစီက ဗီဒီယိုထဲကစစ်သားတွေရဲ့ အသွင်အပြင်ကို ကြည့်ခြင်းအားဖြင့် ဆန္ဒပြလူငယ်များမဟုတ်ကြောင်း AFP ကိုပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင်တပ်ရင်းဖြစ်တဲ့ KNLA အဖွဲ့သားများနှင့် တူညီနေတယ်လို့ သူကပြောပါတယ်။
“ဒီဗီဒီယိုထဲက သင်တန်းဆင်းတွေဟာ KNU အမှတ်အသားပါတဲ့ KNU ဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ Gen Z တွေက KNU အဖွဲ့မဝင်ပါဘူး”
“အဲ့ဒါအပြင် ဒီသင်တန်းဆင်းတွေဟာ စစ်သင်တန်းတက်ရောက် လေ့ကျင့်နေတဲ့ Gen Z တွေနဲ့မတူပဲ ကရင်လူမျိုး ရုပ်ရည်အသွင်အပြင်ရှိပြီး အားလုံးအမျိုးသားတွေဖြစ်ကြတယ်” ဆိုပြီးသုံးသပ်ထားပါတယ်။
KNU ရဲ့ နိုင်ငံခြားရေးရာဌာနအကြီးအကဲ ပဒိုစောတော်နီးက ဒီဗီဒီယိုဖိုင်ဟာ KNU ကမဟုတ်ကြောင်း AFP ကိုပြောပါတယ်။
“ဒီဗီဒီယိုဟာ ဗီဒီယိုအဟောင်းဖြစ်ပါတယ်။ KNU သတင်းအရင်းအမြစ်က မဟုတ်ပါဘူး”လို့ သူကပြောပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်