Police stand guard at the entrance gate of a Buddhist monastery where pro-military supporters took shelter after clashes with local residents following a demonstration against the military coup in Yangon on February 18, 2021. (Photo by Sai Aung Main / AFP) (AFP / Sai Aung Main)

ကျေးဇူးတင်လွှာပါဝင်တဲ့ မင်းတပ်ခရီးစဉ်ဗီဒီယိုဟာမကြာသေးခင်က ရိုက်ကူးထားတာမဟုတ်

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

MRTV ကလွှင့်တဲ့ ခရီးသွားမှတ်တမ်းဗီဒီယိုပါ ကျေးဇူးတင်လွှာလို့ယူဆရတဲ့ ပုံရိပ်တစ်ခုကို Facebook ပေါ်က ပို့စ်ပေါင်းများစွာမှာ ပြန်လည်မျှဝေနေကြပြီး အဲဒီကျေးဇူးတင်လွှာမှာ ပါဝင်တဲ့သူတွေဟာ မေလကစလို့ တိုက်ပွဲတွေဖြစ်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့က စစ်တပ်ထောက်ခံသူတွေလို့ဆိုထားပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ နားလည်မှုလွဲစေနိုင်ပြီး ဒီခရီးသွားမှတ်တမ်းဗီဒီယိုဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် တပ်မတော်အာဏာမရယူခင် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အွန်လိုင်းမှာ ပျံ့နေခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကမှ ရိုက်ကူးထားတဲ့ဗီဒီယိုမဟုတ်ပါဘူး။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မေလ ၁၆ ရက်တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၇,၁၀၀ ကျော် ရှိခဲ့ပါတယ်။

(နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်နေ့က ရယူထားတဲ့ screenshot)

 

ပုံနဲ့အတူတွဲတင်ထားတဲ့စာသားတွေက အခုလိုပါ။ “မင်းတပ်ရဲ့ဒလန်တွေကို MRTV က ချပြလိုက်ပါပြီ” 

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ တပ်မတော်နဲ့ အာဏာရှင်ဆန့်ကျင်တဲ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် အရပ်သားထောင်နဲ့ချီ ရွှေ့ပြောင်းနေရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ဆိုထားပါတယ်။

Screenshot ထဲက ကျေးဇူးတင်လွှာမှာပါဝင်တဲ့စာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ “ဤအစီအစဉ်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးပါသော ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင် …….. Win Unity Hotel Group မှ တာဝန်ရှိသူများနှင့် ဟိုတယ်ဝန်ထမ်းများ …….. ဗဟိုကျောင်းမှ အရှင်ဓမ္မဝံသ….. အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား”

MRTV screenshot ပုံရိပ်ကို Facebook ရဲ့ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။ 

ဒီပို့စ်တွေကိုမြင်တဲ့အခါ လူများစွာက ဒီကျေးဇူးတင်လွှာထဲမှာပါတဲ့သူတွေကို စိတ်ဆိုးဒေါသထွက်နေကြတာပါ။

Facebook comment တစ်ခုမှာ အခုလိုရေးပါတယ်။ “အလှည့်ကြမှ မနွဲ့ကြနဲ့ သေဖို့ပြင်ထားပါ”

 ပြန် share ထားသူတစ်ဦးရဲ့ စာသားတစ်ခုကတော့ အခုလိုပါ။ “ဇွပ်ပေးလိုက်ကြပါ”

ဒါပေမယ့် ဒီအဆိုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ အဲဒီခရီးသွားမှတ်တမ်းဗီဒီယိုဟာ ၂၀၂၁ ခုနှစ်၊ တပ်မတော်အာဏာမရယူခင် တစ်နှစ်ကျော်လောက်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာဖြစ်ပြီး မကြာသေးခင်ကမှ ရိုက်ကူးထားတာမဟုတ်ပါဘူး။

 အဓိကကျတဲ့စကားလုံးပေါင်းများစွာအသုံးပြုပြီးရှာဖွေကြည့်တဲ့အခါ အဲဒီဗီဒီယိုဖိုင်ကို MY Travelogue လို့ခေါ်တဲ့ YouTube ချန်နယ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်ကတည်းက တင်ထားတာတွေ့ရပါတယ်။

အဲဒီ YouTube ဗီဒီယိုရဲ့ခေါင်းစဉ်ကို အခုလိုတပ်ထားပါတယ်။ “MY Travelogue (Road to Southern Chin State 13)”

MY Travelogue YouTube ချန်နယ်မှာ တင်ထားပုံအရ ဒီမှတ်တမ်းဗီဒီယိုဟာ ချင်းပြည်နယ်တောင်ပိုင်းခရီးစဉ်အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းဗီဒီယိုစုစုပေါင်း ၂၂ ခုထဲက တစ်ခုဖြစ်နေတာ တွေ့ရပါတယ်။ 

ကျေးဇူးတင်လွှာထဲမှာ ပါဝင်တဲ့ Win Unity ဟိုတယ်က သူတို့ Facebook page ရဲ့ ဒီလင့်ခ်မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်တုန်းက အဲဒီမှတ်တမ်းဗီဒီယိုတွေထဲက တစ်ခုကို တင်ထားပါတယ်။

ကျေးဇူးတင်လွှာထဲမှာ နာမည်ဖော်ပြခံထားရတဲ့ဒေသခံတစ်ဦးကလည်း ၂၀၂၁ ခုနှစ်၊ မေလ ၁၆ ရက်မှာ သူ့ရဲ့ Facebook ဒီလင့်ခ်ကနေတစ်ဆင့် ပြန်ဖြေရှင်းထားပါတယ်။ သူဟာ ကျေးဇူးတင်လွှာထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ဒါမှမဟုတ် ၂၀၁၆ ခုနှစ်လောက်တုန်းက MRTV အဖွဲ့သားတွေကို ကူညီပေးခဲ့ဖူးတာဖြစ်ကြောင်းနဲ့ မကြာသေးခင်က ကူညီခဲ့တာမျိုးမဟုတ်ကြောင်း သူ့ရဲ့ပို့စ်မှာ ဆိုထားပါတယ်။

သူ့ရဲ့ပို့စ်ပါစာသားတချို့က အခုလိုဖြစ်ပါတယ်။ “ဒီစာထဲမှာပါတဲ့ ဗဟိုကျောင်းမှ အရှင်ဓမ်မဝံသဆိုတာ ကျွန်တော်ပါ။ အရင်၂၀၁၅လောက်နဲ့ ၂၀၁၆ခုလောက်တုန်းကတော့ ကျွန်တော်က ဦးဇင်းဝတ်နဲ့ ဗဟိုကျောင်းမှာ နေတုန်း Mrtvအဖွဲ့က ကျောင်းလာတည်းပြီး အကူအညီတောင်းလို့ အကူအညီ ပေးဖူးပါတယ်။” 

“အဲဒီတုန်းကပဲ mrtvနဲ့ အဆက်အသွယ်ရှိဖူးတာပါ။ 2020မှာ ကျွန်တော်လည်း သင်ကန်းချွတ်ပြီး ဗဟိုကျောင်းမှထွက် ရွာပြန်ခဲ့ပါတယ်။ အဲဒီကစ အခုထိ Mrtvနဲ့ အဆက်အသွယ် မရတော့ပါ။”

 

Myanmar military coup