တူရကီနဲ့ ဆီးရီးယားငလျင်ဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဂျပန်နိုင်ငံက ဗီဒီယိုဟောင်း အွန်လိုင်းပေါ်ပျံ့နှံ့
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15/02/2023 အချိန် 04:07
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာဖြစ်ပွားခဲ့တဲ့ တူရကီ-ဆီးရီးယားငလျင်လှုပ်ခတ်မှုက ဗီဒီယိုဆိုပြီး အဝေးပြေးလမ်းမကြီးတစ်ခုယိမ်းယိုင်လှုပ်ခါနေတာကိုပြတဲ့ dashcam ဗီဒီယိုဟောင်းတစ်ခုကို မှားယွင်းမျှဝေနေကြပါတယ်။ တကယ်တော့ ဒီဗီဒီယိုကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံကို လှုပ်ခတ်သွားတဲ့ ကြီးမားတဲ့ ငလျင်တစ်ခုအကြောင်း ဖော်ပြထားတဲ့ YouTube ပို့စ်တစ်ခုမှာ မျှဝေထားပါတယ်။