ပင်မဆဲလ်အရှင်ပါဝင်တယ်လို့ဆိုတဲ့ဆေးတောင့်တွေနဲ့ ရောဂါကုသနိုင်ခြင်းမရှိလို့ ကျွမ်းကျင်ပညာရှင်တွေဆို
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17/01/2023 အချိန် 09:01
“ပင်မဆဲလ် (stem cell) နည်းပညာသုံးပြီး ဆဲလ်အရှင်နဲ့ဖော်စပ်ထားတဲ့ဆေး” ၊ “ရောဂါအမျိုးမျိုးကို ကုသနိုင်တဲ့ဆေး” ဆိုပြီး ဖိလစ်ပိုင်နဲ့ တခြားအာရှနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေတဲ့ အွန်လိုင်းပေါ်က ကြော်ငြာတွေကို အလွယ်တကူမယုံကြဖို့ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။ ပင်မဆဲလ် (stem cell) ကုထုံးနဲ့ ရောဂါအမျိုးမျိုးကို ဘယ်လိုကုသနိုင်လဲဆိုတာ သိပ္ပံပညာရှင်တွေ စမ်းသပ်နေဆဲဖြစ်ပြီး ပင်မဆဲလ် (stem cell) ကို သောက်ဆေးအနေနဲ့ ဆေးတွေထဲ ထည့်သွင်းအသုံးပြုတာမျိုး၊ စားသုံးတာမျိုးကို တရားဝင်ခွင့်ပြုထားခြင်းမရှိသေးပါဘူး။ ဖိလစ်ပိုင်အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) ကတော့ “Purtier Placenta” ဟာ ဖြည့်စွက်အစာဖြစ်ပြီး “ရောဂါကုသတဲ့နေရာမှာသုံးစွဲဖို့ ခွင့်ပြုထားခြင်းမရှိဘူး” လို့ ဆိုပါတယ်။