
ပြင်သစ်တေးဂီတပွဲတော်ဗီဒီယိုကို အီရန်-အစ္စရေးစစ်ပွဲကဆိုပြီး မှားယွင်းမျှဝေ
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 30 ဇွန် 2025 အချိန် 08h19
- ဖတ်ရန် ကြာချိန် 3 မိနစ်
- Pierre MOUTOT, AFP ပြင်သစ်
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Jan Cuyco , AFP Philippines , AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"အစ္စရေးပြည်သူတွေ အမြန်စစ်ဘေးရှောင်ပြီ" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်ကမျှဝေထားတဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
ဖုံထူလမ်းကြားလေးနဲ့ ကွင်းပြင်ကြယ်ကြီးကိုဖြတ်ပြီး အထုတ်အပိုးတွေကို ဆွဲလှည်းတွေနဲ့ သယ်ဆောင်ဖြတ်သန်းနေကြတဲ့ လူအုပ်ကြီးကို ဒီဗီဒီယိုထဲမှာတွေ့ရပါတယ်။

ဇွန်လ ၁၃ ရက်မှာ အစ္စရေးရဲ့ အီရန်နျူကလီးယားစက်ရုံနဲ့ စစ်တပ်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုအပေါ် အီရန်ကပြန်လည်တုန့်ပြန်ပစ်ခတ်မှုတွေကို ရှောင်တိမ်းဖို့ အီရန်နဲ့ အစ္စရေးနိုင်ငံတွေကနေ နိုင်ငံခြားသားတွေ အလျင်အမြန်ထွက်ခွာနေချိန်မှာ ဒီဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived link)
မဟာပြိုင်ဘက်နှစ်နိုင်ငံကြား ၁၂ ရက်ကြာ အထိအခိုက်များတဲ့အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ရာ အမေရိကန်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကြောင့် ဒီပဋိပက္ခတွေ အဆုံးသတ်ခဲ့ပါတယ်။ ဒီလိုအပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အီရန်နိုင်ငံမှာ လူ ၆၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးမှာ ၂၈ ဦးသေဆုံးခဲ့ပါတယ်။ (Archived link)
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook နဲ့ X မှာ မျှဝေထားပါတယ်။ ဒါပေမဲ့ ဒါဟာ အစ္စရေးနိုင်ငံသားတွေ စစ်ပွဲကနေထွက်ပြေးနေတဲ့ ဗီဒီယိုမဟုတ်ပါဘူး။
ပြင်သစ်တေးဂီတပွဲတော်
ဗီဒီယိုထဲကရုပ်ပုံတွေကိုအသုံးပြုပြီး Google မှာ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ "Hellfest တေးဂီတပွဲတော်ကျင်းပရာကွင်းပြင် မနေ့ကစတင်ဖွင့်လှစ်" ဆိုပြီး ပြင်သစ်ဘာသာစကားနဲ့ တူညီတဲ့ဗီဒီယိုတစ်ခုကို ဇွန်လ ၁၉ ရက်က TikTok မှာ ဖော်ပြထားပါတယ်။ (Archived link)
ပြင်သစ်နိုင်ငံက Clisson မြို့မှာကျင်းပတဲ့ Hellfest heavy metal တေးဂီတပွဲတော်လက်မှတ်ကိုင်ဆောင်ထားသူတွေဟာ ဒီပွဲတော်ကျင်းပတဲ့ ကွင်းပြင်စခန်းမှာ အခမဲ့တည်းခိုခွင့်ရှိပါတယ်။ (Archived link)

ဒီ TikTok အသုံးပြုသူက ပွဲတော်စခန်းရဲ့ဗီဒီယိုတစ်ခုကို ဇွန်လ ၂၃ ရက်မှလည်း မျှဝေထားပါတယ်။ (Archived link)
အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာ အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ ဆင်တူဗီဒီယိုတစ်ခုကို ပြင်သစ်အွန်လိုင်းချန်နယ်တစ်ခုဖြစ်တဲ့ TV Sèvre et Maine က ဇွန်လ ၂၀ ရက်မှာ မျှဝေထားတာတွေ့ရပါတယ်။ (Archived link)
ပွဲတော်တက်ရောက်လာသူတွေနဲ့ တဲတွေရဲ့နောက်မှာတွေ့ရတဲ့ အနီနဲ့အနက်ရောင်ဆိုင်းဘုတ်တွေကို မှားယွင်းဗီဒီယိုနဲ့ YouTube ဗီဒီယိုနှစ်ခုစလုံးမှာတွေ့ရပါတယ်။

ဒါအပြင် မှားယွင်းဗီဒီယိုထဲမှာတွေ့ရတဲ့ အဖြူရောင်တဲအိမ်တွေဟာ Google Maps မှာတွေ့ရတဲ့ ၂၀၂၃ ခုနှစ်က ပွဲတော်စခန်းရဲ့ ဓာတ်ပုံနဲ့ ကိုက်ညီမှုရှိနေပါတယ်။ (Archived link)

၂၀၁၈ ခုနှစ်၊ ဇွန်လထဲမှာ ရိုက်ကူးထားတဲ့ Google Earth ရဲ့ ဂြိုဟ်တုဓာတ်ပုံမှာလည်း နှစ်စဥ်ကျင်းပတဲ့ ပွဲတော်ရဲ့ ကြီးမားတဲ့နားနေစခန်းတွေနိုင်ပါတယ်။ (Archived link)

အီရန်-အစ္စရေးနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်