ဘောလိဝုဒ်သရုပ်ဆောင်ရှာရွတ်ခန်းသေဆုံးပြီဆိုတဲ့ ဓာတ်ပုံဟောင်းတွေနဲ့အချက်အလက်မှားပျံ့နှံ့

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14/10/2021 အချိန် 05:11

ဘောလိဝုဒ်စူပါစတား ရှာရွတ်ခန်း လေယာဉ်ပျက်ကျပြီး ဆုံးပြီလို့ဆိုထားတဲ့အဆိုနဲ့အတူ ဓာတ်ပုံငါးပုံကို ဝဘ်ဆိုဒ်စာမျက်နှာပေါင်းများစွာမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလထဲမှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ရှာရွတ်ခန်းသေဆုံးပြီဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းမျိုး ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ ရှာရွတ်ခန်းသေဆုံးပြီဆိုတဲ့ အပြောင်အပျက်သတင်းတွေဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ဖူးပါတယ်။ အခု ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေမှာ မြင်ရတာကလည်း ဟိုတုန်းကဖြစ်ခဲ့တဲ့ လေယာဉ်မတော်တဆမှုတစ်ခုနဲ့ တခြားအိန္ဒိယသရုပ်ဆောင်နှစ်ယောက်ရဲ့ ဈာပနပွဲက ပုံရိပ်တွေပဲဖြစ်ပါတယ်။