CLIMATE

အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းတဲ့ဗီဒီယို မဟုတ်ပါ

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15/09/2022 အချိန် 03:58

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက်က အီတလီနိုင်ငံမှာ ကျောက်ခဲမိုးရွာသွန်းခဲ့တယ်လို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုက မှားပါတယ်။ တကယ်တမ်းတော့ အဲဒီဗီဒီယိုဟာ ၂၀၁၉ ခုနှစ်က ရိုမေးနီးယားနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးသီးမုန်တိုင်းကို ရိုက်ကူးခဲ့တဲ့ဗီဒီယိုတစ်ခုပါ။