၂၀၂၂ မှာ သမ္မတပူတင်ကို လုပ်ကြံဖို့ကြိုးစားတဲ့မြင်ကွင်းလို့ ပြောဆိုထားတဲ့ပုံဟောင်းတွေ မှားယွင်းပျံ့နှံ့
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26/09/2022 အချိန် 08:09
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာပူတင်ကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့မြင်ကွင်းလို့ ပြောဆိုထားတဲ့ ပျက်စီးကြေမွနေတဲ့ကားတစ်စီးရဲ့ပုံတွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီမျှဝေနေကြပါတယ်။ ဒေသတွင်းလုံခြုံရေးထိပ်သီးအစည်းဝေးတစ်ခုကို သမ္မတပူတင်တက်ရောက်ခဲ့တဲ့နောက် သူ့ကို လုပ်ကြံဖို့ကြိုးစားခဲ့ရာမှာ မအောင်မြင်ခဲ့ဘူးလို့ ပို့စ်တွေမှာ ရေးထားပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက မော်စကိုမှာ သမ္မတပူတင်ရဲ့ဒရိုင်ဘာတစ်ဦး သေဆုံးခဲ့တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်က ပုံရိပ်ဟောင်းတွေပါ။