သကြားမစားဘဲ ရှောင်လိုက်ရုံနဲ့ ကင်ဆာဆဲလ်တွေ သဘာဝအလျောက် မသေနိုင်ပါ

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 06/05/2022 အချိန် 09:31

သကြားကို လုံးဝမစားဘဲ ရှောင်ကြဉ်ခြင်းက ကင်ဆာဆဲလ်တွေကို အလိုအလျောက် သေစေနိုင်တယ်လို့ ပြောဆိုထားတဲ့ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသောင်းချီ မျှဝေခဲ့ကြပါတယ်။ နောက်ပြီး သံပုရာဖျော်ရည်သောက်တာ၊ အုန်းဆီသောက်တာတွေကလည်း ကင်ဆာကို ကုသနိုင်တယ်လို့ အဲဒီပို့စ်မှာ ဆိုထားပါတယ်။ အခုလိုပြောဆိုထားတဲ့ပို့စ်တွေဟာ မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ ထိုင်းနိုင်ငံ၊ အာဖရိကနဲ့ အမေရိကန်ပြည်ထောင်စုက အွန်လိုင်းအသုံးပြုသူတွေကြားမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုပြောဆိုမှုအားလုံးဟာ မှားယွင်းပါတယ်။ များပြားတဲ့ဆရာဝန်တွေ၊ ကင်ဆာပရဟိတအဖွဲ့တွေနဲ့ သိပ္ပံနည်းကျလေ့လာမှုတွေက သကြားရှောင်ကြဉ်တာ၊ သံပုရာရည်နွေးသောက်တာ၊ အုန်းဆီဇွန်းပြည့်သောက်တာတွေက ကင်ဆာကို မကုသနိုင်ဘူးလို့ ပြောဆိုကြပါတယ်။